Thursday, April 24, 2008

ချင်းမလေး ၏ ငယ်ဘ၀များ

ထင်းရှူး-ချယ်ရီ-တောင်ဇလပ် တွေပွင့်တဲ့ ချင်းတောင် မှာ ကျွန်မကိုမွေးဖွားခဲ့တာပေါ့
ငယ်ဘ၀တွေကို ပြန်တွေးတိုင်း-ပြန်ရေးတိုင်း ရင်ခုန်မိတယ် ရှင်---
ဘာလို့လည်း ဆိုတော့ ငယ်ငယ်တုန်းက ကျွန်မလေ မြန်မာစာ ရေးတတ်ဖို့မပြောနဲ့ မြန်မာစကားကိုမပြောတတ်ပါဘူး----ချင်းရိုးရာ ဘာသာစကားကိုပဲပြောကြတာကိုး---

ကျန်သေးတယ်ရှင့် ကျွန်မကငယ်ငယ်တုန်းက ယောကျာင်္လေးလိုပဲ ယောကျာင်္လေးတွေနဲ့ဆော့တယ်
သစ်ပင်တက်တယ်--ရေကူးတယ်-----
ကျွန်မအကို ဆို ကျွန်မလောက်တောင် သတ္တိမကောင်းဘူး ၊ သူက သစ်ပင်မတက်ရဲဘူး--ကျွန်မကိုပဲသစ်ပင်တက်ခိုင်းတယ်---
ကျွန်မကလည်း ဘယ်လောက်မြင့်မြင့်တက်တာပဲ--မကြောက်တတ်ဖူး---

ကျွန်မလေ ဗားတံတားအောက်က မဏိပူရမြစ် မှာလည်း ရေကူးဖူးတယ်
အန္ဒိယ နယ်စပ်က ရစ်ရေကန်မှာလည်း ရေကူးဖူးတယ်

ကျွန်မငယ်ငယ်က တော်တော် ကို ရန်ဖြစ်တတ်တာ
ကျောင်းမှာဆို ခုံပေါ် ခဏခဏ တက်ပြီး မတ်တပ်ရပ်ရတယ်
ယောကျာင်္လေးတွေနဲ့ ကို လက်တီး ယှဉ်ထိုးတာနော်
ကျွန်မက အတန်းထဲမှာတော့ဗိုလ်ပဲ---------------------

ဒါပေမဲ့ ကျောင်းစာမှာ လည်း အမြဲ ပထမ ရတယ်
ကောင်းတဲ့ဘက်မှာ လည်း ဗိုလ်ပဲ ------ရှင့်

No comments: