Thursday, April 24, 2008

ချင်းမလေး ရဲ့ငယ်ဘ၀များ ၃

ကျွန်မ အလယ်တန်း( ၈ ) တန်း အောင်တော့ ရန်ကုန် ကိုရောက်လာခဲ့ရတယ်
ကိုးတန်း ပေါ့
အဒေါ်အိမ်က နေ ကျောင်းတက်ခဲ့ရတယ်လေ
အကိုနဲ့ ကျွန်မ နှစ်ယောက်တည်းပါ --အမေ က ချင်းတောင်မှာပဲ နေခဲ့တယ်
ချင်းတောင်မှာ အလုပ်လုပ်ပြီး ကျွန်မတို့ကျောင်းစရိတ် ကိုပို့ပေးခဲ့တယ်

အဲ့ဒီတုန်းက ကျွန်မ မြန်မာစကားမပြောတတ်သေးပါဘူး--
တကယ်ပါ လုံးဝမပြောတတ်တာပါ

မြန်မာတွေ ပြောရင် ပြုံးပြီး ပဲကြည့်နေရတာပေါ့
နောက်ဆုံး ရီးစားစကားလိုက်ပြောရင်လည်း ပြုံးပြီး ကြည့်နေတာလေ---မြန်မာစကားမှနားမလည်တာ---
ဒီလိုနဲ့ မြန်မာစကား တတ်လာပါတယ်
အခက်အခဲတွေတော့အများကြီးပဲ
မြန်မာစကားကောင်းကောင်းမတတ်တော့ ကျွန်မအပြုအမူတွေကရိုင်းနေတတ်တယ်
ကျွန်မ ကိုယ်တိုင်လည်းမသိဘူးလေ
တချို့က အမြင်ကပ်ကြတာပေါ့
တချို့ ကတော့ ခင်ကြပါတယ်
ဒီလိုနဲ့ ပဲ ကိုးတန်းအောင်ခဲ့တယ်-----
မြန်မာစကား ကို ခက်ခက်ခဲခဲ ပြောရင်းနဲ့ ဆယ်တန်း ဖြေခဲ့ရတယ်
ကျွန်မ က ဘာသာစကား လေ့လာမှု့အားကောင်းတယ်ပဲပြောမလားမသိဘူး
ဖြစ်တော့ဖြစ်သွားပါတယ်
ဒီလိုနဲ့ပဲ
ကျွန်မ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့တယ်
ဂုဏ်ထူးတော့မပါ ပါဘူး
ဝမ်းနည်းစရာတစ်ခုက အကိုက မအောင်ဘူး--အဲ့ဒီနှစ်ကကျကျန်ရစ်ခဲ့တယ်

No comments: